ကျိုင်းတုံ ဒေသ@Keng Tung@Kyaing Tong@Kyaingdon (သို့မဟုတ်) စန္ဒရကွမ်း (သို့) ဒမ္မိလပ် (သို့) ခေမရဋ္ဌ (သို့) တုံဂပူရိ (သို့မဟုတ်) ခေမာဝရ တိုင်းဂုံပြည်၏ မှတ်တမ်းလွှာ
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

(၁) မြို့ခံအများစုဟာ အဓိက မနက်ပိုင်းပဲ ပိုအလုပ်လုပ်တတ်ကြကာ နေ့လည်ပိုင်းကစပြီး မိမိနှစ်သက်ရာ လူမှုရေး,ဝါသနာ, ကျန်းမာရေး,ဘာသာရေး စတာတွေကို ပိုလုပ်လေ့ရှိကြတာကြောင့် လူဖြစ်ရကျိုး ပိုနပ်တဲ့မြို့👍🏻👌👏

(၂) 1243 ခုနှစ် မှ 1962 ခုနှစ်အတွင်း ဦးနေဝင်း အစိုးရက စော်ဘွားစနစ် မဖျက်သိမ်းခင်အထိ နှစ်ပေါင်း 719 နှစ်ကြာ ကာလအတွင်း စော်ဘွားမင်းဆက် (43 – 49) ဆက် စိုးစံခဲ့တဲ့မြို့👑

(၃) ပင်လယ်ရေ မျက်နှာပြင်အထက် ၂၇၁၀ ပေမှာ တည်ရှိပြီး အကျယ်အဝန်း စတုရန်းမိုင်ပေါင်း 1460 ရှိသော တောင်ပတ်လည်ဝိုင်းနေတဲ့ကြားက တောင်ပေါ် မြို့ဖြစ်ပြီး ရောက်ရှိလာသူရင်မှာ တခုခု လွမ်းနေရသလိုမျိုး အလွန် လွမ်းမောစရာကောင်းလှပါသောမြို့ 🏞

(၄) တချို့စားသောက်ဆိုင်တွေဟာ မနက် ၅-၆ နာရီလောက်ကတည်းက စဖွင့်နေပြီး စောစောဖွင့် စောစောပိတ် စနစ်နဲ့ လည်ပတ်ကာ အဓိကကျတဲ့ ကျိုင်းတုံ မြို့မစျေးကြီးတောင် နွေရာသီဆို မနက် အစောကြီး ၅ နာရီ-ကျန်ရာသီဆို မနက် ၆ နာရီ အစောကြီး စတင်ဖွင့်ပြီးနောက် နေ့ခင်း ၁၁ နာရီကျော်လောက်ဆို စျေးတံခါး စစိချင်နေကာ နေ့လည် ၁၂ နာရီ ပြီးတာနဲ့ မကြာခင် အစောကြီး စျေးပိတ်ပစ်လိုက်တဲ့ မြို့ 🏫

(၅) စျေးကို မနက်အစောကြီး ၆ နာရီကတည်းက ဖွင့်ပြီး နေ့လည် ၁၂ နာရီဆို ပိတ်တဲ့ တစ်နှစ်မှ တခါ, တခါမှာ ၁ ရက်သာ မြန်မာပြည်မှာ ရှားရှားပါးပါး ပြုလုပ်လေ့ရှိနေသော စျေးဝယ်လာသူတိုင်း အလိုလို အောင်မြေနင်းပြီးသားဖြစ်နေတဲ့ ကတ်ကောင်ခေါ် စော်ဘွားစျေးနေ့(စျေးဟောင်းနေ့) ရှိတဲ့မြို့ 🎊

(၆) စောစောထ စောစောအိပ်သူတွေ နေတဲ့မြို့

( ဒို့ရန်ကုန်ကလိုအလား.ha ha😳😜 🤪 )

(၇) ဘာသာစကား အနည်းဆုံး ၂မျိုး-၃မျိုး တတ်ကြ သူတို့ မြို့

(၈) ကျိုင်းတုံမှာ ‘စွမ်’ ပါတဲ့စေတီ-၃ ခု = ( စွမ်ခမ်း(ခေါ်)စွမ်တောင်း, စွမ်ဆီလီ, စွမ်လွဲ ), မြို့ဝင်တံခါး-၁၂ ခု, ‘ကျိုင်း’ ပါတဲ့ ရပ်ကွက်-၇ ခု = ( ကျိုင်းစံ, ကျိုင်းငမ်း, ကျိုင်းလန်း, ကျိုင်းကာ, ကျိုင်းခုံ, ကျိုင်းစမ်, ကျိုင်းဖောင်း ) စသည့် လူမှုစီးပွားရေး ရပ်ဝန်း မသေးငယ်ပေမဲ့လဲ (2017)အကုန်ထိတော့ Aya Bank ခွဲ မရှိသေးတဲ့ မြို့

(၁၀) Google Map မှာ ကျိုင်းတုံ စာလုံးပေါင်းတာကို Kyaing Tong, Kyaingdon စသဖြင့် အခြားအမည်များနဲ့ မဖော်ပြပဲ Keng Tung ဟုသာ တွေ့ရနိုင်တဲ့ မြို့

(၁၁) ကျိုင်းတုံမှ ရန်ကုန်လာကြသူ အများစုဟာ ကုန်းလမ်းထက် လေကြောင်းကို ပို အသုံးပြုကြတဲ့ မြို့ ✈️

( ကုန်းလမ်းက သံလွင်တံတား အဖွင့်/အပိတ် အချိန်မမီရင် ၂-၃ ရက်လောက်ကြာတာကို..စာရေးသူကတော့ တောတောင်ရေမြေ တိမ်တိုက် ရှူခင်းတွေကခေါ်လို့ ကားနဲ့ ကိုယ်တိုင်မောင်းလာခဲ့ပါကြောင်း.. 🚘 ) ⛰ ⛅️ 🌳

(၁၂) အရပ် ၄ မျက်နှာရှိပေမယ့် ရှမ်းပြည်သည် မြောက်ပိုင်း, တောင်ပိုင်း, အရှေ့ပိုင်း- ၃ ပိုင်းသာ သတ်မှတ်ထားပြီး ကျိုင်းတုံဒေသဟာ ကျန် ၂ ပိုင်းနဲ့စာရင် ပြည်မထဲကလူတွေ အရောက်အပေါက် ပိုနည်းတဲ့ ရှမ်းပြည် အရှေ့ပိုင်းထဲမှာ တည်ရှိနေတဲ့မြို့

(၁၃) မြန်မာစစ်တပ် အနည်းဆုံး တပ်ရင်း (၇)ခုလောက်ဖြင့် ရှမ်းပြည်နယ်ထဲမှာ စစ်တပ် အများဆုံးချထားတဲ့ မြို့ ⭐️

(၁၄) မူးယစ်ဆေး ရောင်းချသူနဲ့ သုံးစွဲသူများလည်း ရှိနေသေးတဲ့မြို့ 😭

(၁၅) ကားဖြင့် ထိုင်းနိုင်ငံ, လာအိုနိုင်ငံနဲ့ ၃ နာရီကျော်ကျော်ဝေးပြီး China နဲ့ ၂ နာရီကျော်ကျော်သာ ဝေးတာကြောင့် တရုတ်နယ်စပ်အနီး သီးခြားနိုင်ငံငယ်တခုလိုဖြစ်နေသော အလွန်ဖွင့်ဖြိုးတိုးတက်နေသည့် မြန်မာပြည်ရဲ့ Las Vegas လို့ တင်စားကြတဲ့ ကာစီနို မြို့တော် မိုင်းလား မြို့ နှင့် အလွန်တရာ နာမ်မည်ကြီးလှတဲ့ ကမ္ဘာကျော် မဟာမဲခေါင်ဒေသခေါ် ( ထိုင်း + မြန်မာ + လာအို ) Golden Triangle ရွှေတြိဂံဒေသနဲ့ သိပ်မဝေးလှသော မြို့ 🔺= 🇹🇭 + 🇲🇲 + 🇱🇦

(၁၆) တရုတ်နယ်စပ်က ကားဖြင့် ပိုနီးပေမယ့် ဖုန်ကြားရှင်ရဲ့ သမက် ဦးစိုင်းလင်းတို့ ထိန်းချုပ်ရာ NDAA မိုင်းလား အထူးဒေသ (၄) နဲ့ UWSA “ဝ” အထူးဒေသ(၂)တို့ဖြင့် စစ်မက် မတည်ငြိမ်သော နယ်မြေများ ကြားခံနေပြီး 2017 ခုနှစ်အတွင်းမှာတော့ တရုတ်နယ်စပ် ကုန်သွယ်ရေးပြုလုပ်ရန် မလွယ်ကူသေးတာကြောင့် ထိုင်းပစ္စည်းတွေ ပေါများနေတဲ့ မြို့ 🇹🇭 ( 🏍 📺 🚲,…. ) .( တရုတ်ပစ္စည်းတွေလည်း ရှိပါတယ် )

(၁၇) အစဉ်အလာကြီးတဲ့ ရှမ်းစော်ဘွားကြီးများ မင်းအဆက်ဆက် ဟော်နန်းတည်ခဲ့ရာမြို့

(၁၈) မြို့တွင်းက ရေကန်ထဲတွင် လိုဏ်ဂူများတည်ရှိနေသည့် နောင်တုံကန်ရဲ့ အလှတရားကို ခံစားခွင့်ရနေတဲ့ မြို့ .! 💦

( ကန်ပတ်လည်မှာ အရသာရှိ စားကောင်းတဲ့ ညဘက် အစားအသောက်ညစျေးတန်းလည်းရှိ 👍👍 )

(၁၉) လွန်ခဲ့သော နှစ် (၂၀၀) ဝန်းကျင်က တည်ဆောက်ခဲ့သော ရှမ်းစော်ဘွားတို့ရဲ့ နန်းမြို့ရိုးများထဲမှ ပါလျန် တံခါးကြီးမှာ ယနေ့တိုင် ထင်ထင်ရှားရှား တည်ရှိနေသေးတဲ့ မြို့

(၂၀) မိမိတို့နိုင်ငံရဲ့ ချစ်စရာ အင်မတန်ကောင်းသော တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ ဒေသဖြစ်ပြီး ဒေသ အစားအစာတွေလည်း လွတ်စားကောင်းတဲ့ မြို့ 🥘

(၂၁) သဘာဝ ရေပူစမ်း စခန်းတွေ တည်ရှိတဲ့ မြို့

(၂၁) သစ်တပင်တောင်ကုန်းပေါ်၌ စာရေးသူ ဘိုးဘေးဘီဘင် ရွှေဘိုဘုရင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်က 1753 ခုနှစ်တွင် ရှမ်းစော်ဘွားတို့ (ဦးအောင်ဇေယျ-သို့မဟုတ်-ရှမ်းစော်ဘွား=လေ့လာနေဆဲ) မှ အောင်မြင်စေခြင်း သစ္စာအဓိဋ္ဌာန်ဖြင့် သစ်ပင်အမြှစ်အား မိုးအပေါ်သို့ထောင်၍ ပြောင်းပြန် စိုက်ပျိုးခဲ့သည်ဟု မှတ်သားခဲ့ရသော ကညင်ဖြူပင်ကြီး တည်ရှိတဲ့မြို့

(၂၂) တာချီလိတ်လမ်းဘက် အဝင်လမ်းမှ ကျိုင်းတုံမြို့တွင်းသို့ ညမိုးချုပ်မှ ဝင်လာသောကားများအား မြို့အဝင်တံခါး ပိတ်ထားပြီး မနက် ၆ နာရီကျော်မှသာ မြို့ထဲတံခါးဖွင့်ပေးဝင်တဲ့ မြို့ ⌚️

(၂၃) မြို့ဝင်, မြို့ထွက် လုံခြုံရေးအတွက် အမြဲစစ်ဆေး မေးမြန်းနေတဲ့ မြို့

(၂၄) ဆိုင်းဘုတ်တခုရေးလျင် ရှမ်း, ထိုင်း, တရုတ်, မြန်မာ, English – စသည်ဖြင့် အနည်းဆုံး ဘာသာ ၄-၅ မျိုးလောက်နဲ့ ရေးတင်ရတဲ့ မြို့

(၂၅) မူရင်း ဒေသခံအများစုဟာ ပုံမှန်ထက် အသားဖြူ ချောမောလှပ ကျန်းမာကြပြီး ပွင့်လင်း ရင်းနှီးဖော်ရွေ ကူညီတတ်ကြတဲ့ မြို့😆🤗
Like as Kyaw Ye Myint Aung ,Ye Myint Aung Ma Chaw 🤝👌👍🏻👏🙏

( ချော မချောကတော့ ကျိုင်းတုံ 👑 👸 Miss ရသူ နဲ့ ပြိုင်ပွဲဝင် Miss များ အပါအဝင် အစီအစဉ် တခုလုံးမှာ အဖက်ဖက်က ပါဝင်ကြသူများရဲ့ ပုံတွေသာ ရှာကြည့်ဗျာ ..! )

(၂၆) မြန်မာစစ်တပ်, ရဲတပ်ဖွဲ့, တိုင်းရင်းသားလက်နက်ကိုင်, ပြည်သူ့စစ်အဖြစ် လက်ခံထားတဲ့ အဖွဲ့ စသည်တို့ရဲ့ အားထားရာ မြို့

(၂၇) ရှမ်းပြည် အရှေ့ပိုင်းရဲ့ မြို့တော်လည်းဖြစ်ပြီး သမိုင်းအစဉ်အလာကြီးလှတဲ့ဒေသနဲ့ စော်ဘွားကြီးတို့ ပျော်စံခဲ့ရာ ဟော်နန်းဟောင်း မြို့

(၂၈) ရာသီဥတုလည်း အေးလှပါသောမြို့ ❄️

(၂၉) မြေပြန့်ဒေသကလို လ္ဘက်ရည်ဆိုင်ပုံစံမျိုးတွေ ရှားပြီး- နံပြား, ထပ်တရာ, အီတြာကွေး ညနေ-ညပိုင်း အချိန်တွင် စာရေးသူ လိုက်ရှာတာ မတွေ့ခဲ့သေးတာမို့ မစားခဲ့ရတဲ့ မြို့😳😜🤪

(၃၀) ကိုယ်လေတခေါက် ရောက်ခဲ့ရတဲ့ ခေမရဋ္ဌ် ဒေသခေါ် ချမ်းအေးလှတဲ့ ကျိုင်းတုံ မြို့.!

.. etc; .. memories

♦️♦️♦️ ( လွတ်လပ်စွာ Share နိုင်ပါသည် ) ♦️♦️♦️

https://www.facebook.com/story.php?story_fbid=1146066638860477&id=100003714541929

( Share ရင် ဒီ အပေါ်က Link ကို ထည့်ပြီး Share နော်.. ပိုပြည့်စုံအောင်ပေါ့.. အားပေးကြည့်ရှူပါဦး 🙏 )

Shwe Pyi Soe
(18.12.2017)

#ကျိုင်းတုံအကြောင်း
#KengTung
#Kyaing Tong
#About Kyaing Tong
#About Keng Tung
#Kyaingtone
#Kyaingdon
#ကျိုင်းတုံ

.

✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅
.

ကျိုင်းတုံ ဒေသ@Keng Tung@Kyaing Tong@Kyaingdon (သို့မဟုတ်) စန္ဒရကွမ်း (သို့) ဒမ္မိလပ် (သို့) ခေမရဋ္ဌ (သို့) တုံဂပူရိ (သို့မဟုတ်) ခေမာဝရ တိုင်းဂုံပြည်၏ မှတ်တမ်းလွှာ
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
(၁) မြို့ခံအများစုဟာ အဓိက မနက်ပိုင်းပဲ ပိုအလုပ်လုပ်တတ်ကြကာ နေ့လည်ပိုင်းကစပြီး မိမိနှစ်သက်ရာ လူမှုရေး,ဝါသနာ, ကျန်းမာရေး,ဘာသာရေး စတာတွေကို ပိုလုပ်လေ့ရှိကြတာကြောင့် လူဖြစ်ရကျိုး ပိုနပ်တဲ့မြို့👍🏻👌👏

(၂) 1243 ခုနှစ် မှ 1962 ခုနှစ်အတွင်း ဦးနေဝင်း အစိုးရက စော်ဘွားစနစ် မဖျက်သိမ်းခင်အထိ နှစ်ပေါင်း 719 နှစ်ကြာ ကာလအတွင်း စော်ဘွားမင်းဆက် (43 – 49) ဆက် စိုးစံခဲ့တဲ့မြို့👑

(၃) ပင်လယ်ရေ မျက်နှာပြင်အထက် ၂၇၁၀ ပေမှာ တည်ရှိပြီး အကျယ်အဝန်း စတုရန်းမိုင်ပေါင်း 1460 ရှိသော တောင်ပတ်လည်ဝိုင်းနေတဲ့ကြားက တောင်ပေါ် မြို့ဖြစ်ပြီး ရောက်ရှိလာသူရင်မှာ တခုခု လွမ်းနေရသလိုမျိုး အလွန် လွမ်းမောစရာကောင်းလှပါသောမြို့ 🏞

(၄) တချို့စားသောက်ဆိုင်တွေဟာ မနက် ၅-၆ နာရီလောက်ကတည်းက စဖွင့်နေပြီး စောစောဖွင့် စောစောပိတ် စနစ်နဲ့ လည်ပတ်ကာ အဓိကကျတဲ့ ကျိုင်းတုံ မြို့မဈေးကြီးတောင် နွေရာသီဆို မနက် အစောကြီး ၅ နာရီ-ကျန်ရာသီဆို မနက် ၆ နာရီ အစောကြီး စတင်ဖွင့်ပြီးနောက် နေ့ခင်း ၁၁ နာရီကျော်လောက်ဆို ဈေးတံခါး စစိချင်နေကာ နေ့လည် ၁၂ နာရီ ပြီးတာနဲ့ မကြာခင် အစောကြီး ဈေးပိတ်ပစ်လိုက်တဲ့ မြို့ 🏫

(၅) ဈေးကို မနက်အစောကြီး ၆ နာရီကတည်းက ဖွင့်ပြီး နေ့လည် ၁၂ နာရီဆို ပိတ်တဲ့ တစ်နှစ်မှ တခါ, တခါမှာ ၁ ရက်သာ မြန်မာပြည်မှာ ရှားရှားပါးပါး ပြုလုပ်လေ့ရှိနေသော ဈေးဝယ်လာသူတိုင်း အလိုလို အောင်မြေနင်းပြီးသားဖြစ်နေတဲ့ ကတ်ကောင်ခေါ် စော်ဘွားဈေးနေ့(ဈေးဟောင်းနေ့) ရှိတဲ့မြို့ 🎊

(၆) စောစောထ စောစောအိပ်သူတွေ နေတဲ့မြို့

( ဒို့ရန်ကုန်ကလိုအလား.ha ha😳😜 🤪 )

(၇) ဘာသာစကား အနည်းဆုံး ၂မျိုး-၃မျိုး တတ်ကြ သူတို့ မြို့

(၈) ကျိုင်းတုံမှာ ‘စွမ်’ ပါတဲ့စေတီ-၃ ခု = ( စွမ်ခမ်း(ခေါ်)စွမ်တောင်း, စွမ်ဆီလီ, စွမ်လွဲ ), မြို့ဝင်တံခါး-၁၂ ခု, ‘ကျိုင်း’ ပါတဲ့ ရပ်ကွက်-၇ ခု = ( ကျိုင်းစံ, ကျိုင်းငမ်း, ကျိုင်းလန်း, ကျိုင်းကာ, ကျိုင်းခုံ, ကျိုင်းစမ်, ကျိုင်းဖောင်း ) စသည့် လူမှုစီးပွားရေး ရပ်ဝန်း မသေးငယ်ပေမဲ့လဲ (2017)အကုန်ထိတော့ Aya Bank ခွဲ မရှိသေးတဲ့ မြို့

(၁၀) Google Map မှာ ကျိုင်းတုံ စာလုံးပေါင်းတာကို Kyaing Tong, Kyaingdon စသဖြင့် အခြားအမည်များနဲ့ မဖော်ပြပဲ Keng Tung ဟုသာ တွေ့ရနိုင်တဲ့ မြို့

(၁၁) ကျိုင်းတုံမှ ရန်ကုန်လာကြသူ အများစုဟာ ကုန်းလမ်းထက် လေကြောင်းကို ပို အသုံးပြုကြတဲ့ မြို့ ✈️

( ကုန်းလမ်းက သံလွင်တံတား အဖွင့်/အပိတ် အချိန်မမီရင် ၂-၃ ရက်လောက်ကြာတာကို..စာရေးသူကတော့ တောတောင်ရေမြေ တိမ်တိုက် ရှူခင်းတွေကခေါ်လို့ ကားနဲ့ ကိုယ်တိုင်မောင်းလာခဲ့ပါကြောင်း.. 🚘 ) ⛰ ⛅️ 🌳

(၁၂) အရပ် ၄ မျက်နှာရှိပေမယ့် ရှမ်းပြည်သည် မြောက်ပိုင်း, တောင်ပိုင်း, အရှေ့ပိုင်း- ၃ ပိုင်းသာ သတ်မှတ်ထားပြီး ကျိုင်းတုံဒေသဟာ ကျန် ၂ ပိုင်းနဲ့စာရင် ပြည်မထဲကလူတွေ အရောက်အပေါက် ပိုနည်းတဲ့ ရှမ်းပြည် အရှေ့ပိုင်းထဲမှာ တည်ရှိနေတဲ့မြို့

(၁၃) မြန်မာစစ်တပ် အနည်းဆုံး တပ်ရင်း (၇)ခုလောက်ဖြင့် ရှမ်းပြည်နယ်ထဲမှာ စစ်တပ် အများဆုံးချထားတဲ့ မြို့ ⭐️

(၁၄) မူးယစ်ဆေး ရောင်းချသူနဲ့ သုံးစွဲသူများလည်း ရှိနေသေးတဲ့မြို့ 😭

(၁၅) ကားဖြင့် ထိုင်းနိုင်ငံ, လာအိုနိုင်ငံနဲ့ ၃ နာရီကျော်ကျော်ဝေးပြီး China နဲ့ ၂ နာရီကျော်ကျော်သာ ဝေးတာကြောင့် တရုတ်နယ်စပ်အနီး သီးခြားနိုင်ငံငယ်တခုလိုဖြစ်နေသော အလွန်ဖွင့်ဖြိုးတိုးတက်နေသည့် မြန်မာပြည်ရဲ့ Las Vegas လို့ တင်စားကြတဲ့ ကာစီနို မြို့တော် မိုင်းလား မြို့ နှင့် အလွန်တရာ နာမ်မည်ကြီးလှတဲ့ ကမ္ဘာကျော် မဟာမဲခေါင်ဒေသခေါ် ( ထိုင်း + မြန်မာ + လာအို ) Golden Triangle ရွှေတြိဂံဒေသနဲ့ သိပ်မဝေးလှသော မြို့ 🔺= 🇹🇭 + 🇲🇲 + 🇱🇦

(၁၆) တရုတ်နယ်စပ်က ကားဖြင့် ပိုနီးပေမယ့် ဖုန်ကြားရှင်ရဲ့ သမက် ဦးစိုင်းလင်းတို့ ထိန်းချုပ်ရာ NDAA မိုင်းလား အထူူးဒေသ (၄) နဲ့ UWSA “ဝ” အထူးဒေသ(၂)တို့ဖြင့် စစ်မက် မတည်ငြိမ်သော နယ်မြေများ ကြားခံနေပြီး 2017 ခုနှစ်အတွင်းမှာတော့ တရုတ်နယ်စပ် ကုန်သွယ်ရေးပြုလုပ်ရန် မလွယ်ကူသေးတာကြောင့် ထိုင်းပစ္စည်းတွေ ပေါများနေတဲ့ မြို့ 🇹🇭 ( 🏍 📺 🚲,…. ) .( တရုတ်ပစ္စည်းတွေလည်း ရှိပါတယ် )

(၁၇) အစဉ်အလာကြီးတဲ့ ရှမ်းစော်ဘွားကြီးများ မင်းအဆက်ဆက် ဟော်နန်းတည်ခဲ့ရာမြို့

(၁၈) မြို့တွင်းက ရေကန်ထဲတွင် လိုဏ်ဂူများတည်ရှိနေသည့် နောင်တုံကန်ရဲ့ အလှတရားကို ခံစားခွင့်ရနေတဲ့ မြို့ .! 💦

( ကန်ပတ်လည်မှာ အရသာရှိ စားကောင်းတဲ့ ညဘက် အစားအသောက်ညဈေးတန်းလည်းရှိ 👍👍 )

(၁၉) လွန်ခဲ့သော နှစ် (၂၀၀) ဝန်းကျင်က တည်ဆောက်ခဲ့သော ရှမ်းစော်ဘွားတို့ရဲ့ နန်းမြို့ရိုးများထဲမှ ပါလျန် တံခါးကြီးမှာ ယနေ့တိုင် ထင်ထင်ရှားရှား တည်ရှိနေသေးတဲ့ မြို့

(၂၀) မိမိတို့နိုင်ငံရဲ့ ချစ်စရာ အင်မတန်ကောင်းသော တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာ ဒေသဖြစ်ပြီး ဒေသ အစားအစာတွေလည်း လွတ်စားကောင်းတဲ့ မြို့ 🥘

(၂၁) သဘာဝ ရေပူစမ်း စခန်းတွေ တည်ရှိတဲ့ မြို့

(၂၁) သစ်တပင်တောင်ကုန်းပေါ်၌ စာရေးသူ ဘိုးဘေးဘီဘင် ရွှေဘိုဘုရင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်က 1753 ခုနှစ်တွင် ရှမ်းစော်ဘွားတို့ (ဦးအောင်ဇေယျ-သို့မဟုတ်-ရှမ်းစော်ဘွား=လေ့လာနေဆဲ) မှ အောင်မြင်စေခြင်း သစ္စာအဓိဋ္ဌာန်ဖြင့် သစ်ပင်အမြှစ်အား မိုးအပေါ်သို့ထောင်၍ ပြောင်းပြန် စိုက်ပျိုးခဲ့သည်ဟု မှတ်သားခဲ့ရသော ကညင်ဖြူပင်ကြီး တည်ရှိတဲ့မြို့

(၂၂) တာချီလိတ်လမ်းဘက် အဝင်လမ်းမှ ကျိုင်းတုံမြို့တွင်းသို့ ညမိုးချုပ်မှ ဝင်လာသောကားများအား မြို့အဝင်တံခါး ပိတ်ထားပြီး မနက် ၆ နာရီကျော်မှသာ မြို့ထဲတံခါးဖွင့်ပေးဝင်တဲ့ မြို့ ⌚️

(၂၃) မြို့ဝင်, မြို့ထွက် လုံခြုံရေးအတွက် အမြဲစစ်ဆေး မေးမြန်းနေတဲ့ မြို့

(၂၄) ဆိုင်းဘုတ်တခုရေးလျင် ရှမ်း, ထိုင်း, တရုတ်, မြန်မာ, English – စသည်ဖြင့် အနည်းဆုံး ဘာသာ ၄-၅ မျိုးလောက်နဲ့ ရေးတင်ရတဲ့ မြို့

(၂၅) မူရင်း ဒေသခံအများစုဟာ ပုံမှန်ထက် အသားဖြူ ချောမောလှပ ကျန်းမာကြပြီး ပွင့်လင်း ရင်းနှီးဖော်ရွေ ကူညီတတ်ကြတဲ့ မြို့😆🤗
Like as Kyaw Ye Myint Aung ,Ye Myint Aung Ma Chaw 🤝👌👍🏻👏🙏

( ချော မချောကတော့ ကျိုင်းတုံ 👑 👸 Miss ရသူ နဲ့ ပြိုင်ပွဲဝင် Miss များ အပါအဝင် အစီအစဉ် တခုလုံးမှာ အဖက်ဖက်က ပါဝင်ကြသူများရဲ့ ပုံတွေသာ ရှာကြည့်ဗျာ ..! )

(၂၆) မြန်မာစစ်တပ်, ရဲတပ်ဖွဲ့, တိုင်းရင်းသားလက်နက်ကိုင်, ပြည်သူ့စစ်အဖြစ် လက်ခံထားတဲ့ အဖွဲ့ စသည်တို့ရဲ့ အားထားရာ မြို့

(၂၇) ရှမ်းပြည် အရှေ့ပိုင်းရဲ့ မြို့တော်လည်းဖြစ်ပြီး သမိုင်းအစဉ်အလာကြီးလှတဲ့ဒေသနဲ့ စော်ဘွားကြီးတို့ ပျော်စံခဲ့ရာ ဟော်နန်းဟောင်း မြို့

(၂၈) ရာသီဥတုလည်း အေးလှပါသောမြို့ ❄️

(၂၉) မြေပြန့်ဒေသကလို လ္ဘက်ရည်ဆိုင်ပုံစံမျိုးတွေ ရှားပြီး- နံပြား, ထပ်တရာ, အီတြာကွေး ညနေ-ညပိုင်း အချိန်တွင် စာရေးသူ လိုက်ရှာတာ မတွေ့ခဲ့သေးတာမို့ မစားခဲ့ရတဲ့ မြို့😳😜🤪

(၃၀) ကိုယ်လေတခေါက် ရောက်ခဲ့ရတဲ့ ခေမရဋ္ဌ် ဒေသခေါ် ချမ်းအေးလှတဲ့ ကျိုင်းတုံ မြို့.!

.. etc; .. memories

♦️♦️♦️ ( လွတ်လပ်စွာ Share နိုင်ပါသည် ) ♦️♦️♦️

https://www.facebook.com/story.php?story_fbid=1146066638860477&id=100003714541929

( Share ရင် ဒီ အပေါ်က Link ကို ထည့်ပြီး Share နော်.. ပိုပြည့်စုံအောင်ပေါ့.. အားပေးကြည့်ရှူပါဦး 🙏 )

Shwe Pyi Soe
(18.12.2017)

#ကျိုင်းတုံအကြောင်း
#KengTung
#Kyaing Tong
#About Kyaing Tong
#About Keng Tung
#Kyaingtone
#Kyaingdon
#ကျိုင်းတုံ

Design a site like this with WordPress.com
Get started