တောင်တန်းတွေကို ချစ်တယ်ဆို
ကျိုင်းတုံမြို့လေး ကိုသွားပါ
ကျိုင်းတုံ က သူငယ်ချင်းရဲ့ အခေါ်ကောင်းမှုနဲ့
ရောက်ရှိသွားတဲ့ မြို့လေး
တမူထူးခြားမှုတွေနဲ့ အေးချမ်းနေတဲ့
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရှိရာ မြို့လေး
ဒီခရီးကို အစတည်းကနေ Relax အနေနဲ့ သွားခဲ့တာရယ် တည်းခိုးစရာအိမ်လည်းရှိတာရယ်ကြောင့်
တပတ်လောက်နေဖြစ်ခဲ့တယ်
🛫 မန်းလေးကနေ ကျိုင်းတုံကို ဘယ်လိုသွားကြမလဲ
ကျိုင်းတုံကိုလေယာဉ်နဲ့ သွားကြတာများပေမယ့်
ကားနဲ့လည်းသွားလို့ရပါတယ်နော်
ကိုးကတော့ အစတည်းကကားမူးတတ်တဲ့သူမို့
အသွားအပြန်ခရီးကို လေယာဉ်နဲ့ပဲစီစဉ်ခဲ့တယ်
၄၅ မိနစ်ပဲ ကြာတော့ လူလည်းသက်သာတယ်
ကားနဲ့သွားမယ်ဆို ၂၉ နာရီလောက်တော့ ကားစီးရပါတယ် ( လမ်းမှာတညအိပ်နားပါသေးတယ်)
ဒါပေမယ့် ကားနဲ့သွားမယ်ဆို တောင်ကြားတွေကို
ဖြတ်ရတာမို့ လှပတဲ့တိမ်ပင်လယ်နဲ့ တောင်တန်းတွေဟာ တလမ်းလုံး အဖော်ပြုနေသလိုပါပဲ 🏞🏞🏞
ကျိုင်းတုံစရောက်ရောက်ချင်း ခံစားလိုက်ရတာက
မိုးဖွဲဖွဲလေးနဲ့ အေးမြမှုတခုပါပဲ
မိုးများတယ်လုိ့ပြောလို့ရပြီး အခါမဟုတ်မိုး
ခနခနရွာသွန်းတတ်ပါတယ်တဲ့
ကိုးသွားတာ တန်ဆောင်မုန်းလပြည့်ရက်ဖြစ်တာမို့
လူကြိတ်ကြိတ်တိုးစည်းကားပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ ချစ်စရာမြို့လေးကို မြင်ခဲ့ရပါတယ်
Review အနေနဲ့မဟုတ်ပဲ စိတ်ထဲစွဲထင်နေတဲ့မြို့လေးအကြောင်းရေးမှာမုိ့ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပါလို့ 💐💐 ကိုးကြိုတင်ပြောပါရစေနော်
သွားစရာနေရာလေးတွေ ပြောပြမယ် 😉
👉 လွယ်မွေတောင်
👉 လွယ်မွေကန်နဲ့ နှစ်တရာအိမ်
👉 ဗုဒ္ဓဥယျာဉ် တော်
👉 မဟာမြတ်မုနိ ဘုရား
👉 ရပ်တော်မူ ဘုရား
👉 စွန်တောင်းဘုရား
👉 ကမ္ဘာအေးကျောင်း
👉 ကိုရင်လေးကျောင်း
👉 ဝစီပိတ်တောင်
👉 ရေပူစမ်း နှစ်ခု ရှိပါတယ်
( မြရွှေရည် ရေပူစမ်း နှင့် တာချီလိတ်အထွက်လမ်းက ရေပူစမ်း)
👉 ကျိုင်းတုံရေတံခွန်
👉 Mountain View Cafe
👉 ရှူခင်းသစ်စားသောက်ဆိုင်
👉 နောင်တုံကန်ဘေးမှာလည်း ညနေခင်းတွေဆိုလမ်းလျှောက်လို့ရပါတယ်နော်
နေရာစုံအောင်လည်မယ်ဆို လေးညအိပ် ငါးရက်ခရီးလောက် အချိန်ယူရပါမယ်နော်
တည်းခိုစရာ ဟိုတယ်တွေကတော့
👉 ကျိုင်းတုံဟိုတယ်
👉 Hotel Khema Rattha ( 084 22691)
👉 Golden Star Hotel
👉 Sam Ywat Hotel ( 09 444404172)
👉 Keng Tung Princess Hotel ( 084 21319)
👉 Golden World Hotel
လည်မယ်ဆို ကားစင်းလုံးလိုက်တာတွေရှိပါတယ်
ဟိုတယ်ဆို မေးပြီး စီစဉ်ခိုင်းရင်ပိုပြီး အဆင်ပြေနိုင်ပါတယ်နော်
မနက်စာကိုတော့ ကျိုင်းတုံစျေးထဲ မှာ
ခေါက်ဆွဲ စားဖြစ်တယ်
ကျိုင်းတုံကခေါက်ဆွဲက ကိုးတို့စားနေကျ ခေါက်ဆွဲတွေနဲ့မတူပါဘူး ဆန်ပြားကိုလုပ်ထားတာပါ
ခေါက်ဖွန်း ( တုံဟူးဖြူသုပ်) လည်းစားခဲ့ပါနော်
ခေါက်ဆင်ကတော့ ရှမ်းရိုးရာ ခေါက်ဆွဲစစ်စစ်ပါ
ရှမ်းရိုးရာအစားအစာ အစုံကို ကျိုင်းတုံမှာ အကုန်စားလို့ရနိုင်တာမို့ ရိုးရာစာကြိုက်တဲ့ Foodie လေးတွေလည်း သဘောကျမှာပါ
ကျိုင်းတုံစျေးရောက်ရင် အဝတ်အစား
မဝယ်ပဲမနေနိုင်အောင် ဆွဲဆောင်ကောင်းပါတယ်
ရေပူစမ်းရောက်ရင်လည်း ကြက်ဥပြုတ်ပြီး
ဆိုင်လေးတွေမှာထိုင်စားပါ နော် 😍😍😍
ရေပူစမ်းက ကြက်ဥနဲ့စားရတဲ့ အနှစ်မှုန့်ရယ်
ငါးကင်နဲ့ ကောက်ညှင်းပေါင်းဟာ ပြန်တွေးလိုက်တိုင်းစားချင်စရာပါနော် 😁
ဝါးပိုးတို့ ပုစဉ်းရင်ကွဲကြော်တွေလည်း ရောင်းပါတယ်
ကြောက်လို့ မစားဖြစ်ခဲ့ဘူး
ကိုးကတော့ ဝက်သားချဉ်လည်းအရမ်းကြိုက်
ဝက်သားအများကြီး မပါပဲ
ကြက်သွန်ကြော်လေးဖြူးပြီး အသင့်စားရုံပါပဲနော်
သာကူလုံးလည်း စားဖို့မမေ့ခဲ့နဲ့ဦးနော် 😉😉
ညနေဆို နောင်တုံကန်ဘေးက ဟော့ပေါ့ဆိုင်မှာထိုင်ရင်း ကန်ဘောင်ဘေး လေညှင်းခံပြီး ညအလှကိုခံစားလို့ရပါသေးတယ်
ချယ်ရီပွင့်ချိန်ဆို လွယ်မွေတောင်နှင့် ချယ်ရီဟာ
ခွဲခြားလို့မရပါဘူးတဲ့
ကျိုင်းတုံမြို့ရောက်ရင်နေရာတိုင်းဟာ စိမ်းစိုနေပြီး
မနက်အစောတိုင်းတောင်တန်းတွေနဲ့ တိမ်ပင်လယ်ကို
မြင်တွေ့နိုင်တာမို့ နေရာတိုင်းဟာ ဓာတ်ဖမ်းလို့ကောင်းတဲ့နေရာတွေပါ
ရာသီဥတုဟာ မနက်ခင်းနဲ့ ညခင်းမှာစိမ့်အေးပြီး
နေ့ခင်းပိုင်းမှာပူတတ်တာမို့ သွားမယ်ဆို အဝတ်အစားကိုအထူရောအပါးရောထည့်သွားနော် 😘
တည်းခိုးခဲ့တဲ့ ရက်တွေအတွင်း ရိုးရာစာတွေကို
ချက်ကျွေးတဲ့ သူငယ်ချင်းမိသားစုကိုလည်း
အရမ်းကျေးဇူးတင်ပါတယ် 😍😍
ကြောင်လျှာသီး ဒုက္ခကိုလည်း
ခုပြန်ရောက်တဲ့ထိ ထပ်စားချင်နေတုန်းပါ
ကိုးက လူပုံတွေချည်း ရိုက်နေတဲအချိန်
Travel review လေးရေးလို့ရအောင် ပုံတွေရိုက်ထားပေးတဲ့ ကျိုင်းတုံက သယ်ချင်း ခင်မြတ်မွန် ကိုလည်း
ကျေးဇူးတင်ပါတယ် 😍😍
သိချင်တာရှိ မေးလို့ရပါတယ်ရှင့်
လွတ်လပ်စွာ share နိုင်ပါတယ်
နှလုံးသားနဲ့ခရီးသွားတာမို့ နေရာတိုင်းဟာ
လှပနေဆဲပါ
တောင်တန်းတွေကိုချစ်တယ်ဆို ကျိုင်းတုံမြို့လေးကို
တခေါက်လောက်တော့သွားစေချင်ပါတယ်နော်
Chokoe Travel Soul
ကျိုင်းတုံကနေ တာချီလိတ် – မယ်ဆိုင်း – ချင်းရိုင် – ချင်းမိုင် ခရီးစဉ်လေးကို ထပ်ရေးပြီးတင်ပေးပါမယ်နော်